ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေး သဘောထားများကို နှစ်သစ်အစီအစဉ်မှာ ပြောကြား
၂ဝ၁၂ ခုနှစ်အတွက် အာအက်ဖ်အေရဲ့ အစီအစဉ်သစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ဒီမိုကရေစီရေး သဘောထားတွေ အတွေးအခေါ်တွေ အကြောင်းကို ထုတ်ဖော် ပြောကြားသွားပါတယ်။
၂ဝ၁၁ စက်တင်ဘာ ၁၅ ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။
NLD
တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲတွင်း နစ်နေတာကို စိတ်ပျက်လက်ပျက် ဖြစ်မနေကြ ဘဲ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ကနေ့ အချိန်မှာပဲ စတင်ပြီး တက်တက်ကြွကြွ လက်တွဲ လုပ်ကိုင်စေချင်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပုံတွေနဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပြည်သူတွေအနေနဲ့ သိနားလည် ထားသင့်တာတွေ ရှိတယ်လို့ လည်း ရှင်းလင်း ပြောကြားသွား ပါတယ်။
အာအက်ဖ်အေ ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီအစီအစဉ်ကို နားဆင်နိုင်ပါတယ်။