ပြည်သူ့အသံပေါ်လွင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီရဲ့အနှစ်သာရကို ထင်ဟပ်စေမယ့် ပြည်သူတွေရဲ့အသံကို ပေါ်လွင်အောင်လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
assk-mlm305 ၂၀၁၂ မတ်လ ၁၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ NLDလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ခင်ဌေးကြွယ်နဲ့အတူ စင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေပုံ။ (ဓာတ်ပုံ-NLD Information Committee)
NLD

ဒီကနေ့ ဟောပြောပွဲကို လူပရိသတ်တသိန်းကျော် တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လမြိုင်-ကျိုက္မရော လမ်းမအနီး (၆)မိုင် ကွမ်းခြံရွာ ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဟောပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မွန်ပြည်နယ်တွင်းက ဒေသခံတွေတင်မက ကရင်ပြည်နယ် ဒေသခံတွေပါ လာရောက်နားထောင်ခဲ့ကြတယ်လို့ မော်လမြိုင်မြို့ခံ တဦးက RFAကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း မော်လမြိုင်မြို့ကိုအသွား ကျိုက်ထိုနဲ့ ဘီလင်းမြို့တွေမှာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်ကို နှုတ်ခွန်းဆက်စကား ပြောခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်ကို အပြန် လမ်းမှာတော့ ပေါင်နဲ့ သထုံမြို့တွေမှာ စောင့်ဆိုင်းနေကြတဲ့ ဒေသခံတွေကို နှုတ်ဆက် ဟောပြောခဲ့ပါတယ်။

လာမယ့်ဧပြီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လစ်လပ်မဲဆန္ဒနယ်မြေ တခုရှိပြီး ၊ အဲဒီ နေရာကို NLDပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ရှေ့နေဒေါ်ခင်ဌေးကြွယ်က NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။