ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး
2012.07.24
ဗြိတိန်လွှတ်တော် အမတ်များအဖွဲ့ဟာ ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော်တွင်း အတွေ့အကြုံတွေနဲ့ NLD ပါတီရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ဗြိတိန်အဖွဲ့က သူတို့က ဒီလွှတ်တော်ထဲမှာ ဘယ်လို အတွေ့အကြုံရှိနေလဲ၊ အခုဒီ ရရှိထားတဲ့ ခံစားချက်၊ အဆိုတွေ ဘယ်လိုတင်သလဲ သူတို့တော်တော် စိတ်ဝင်စားတယ်။ ရှိပါတယ်။ သူတို့ အဲတာတွေကို မေးပါတယ်။ မေးပြီးတော့ NLD ရဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ Manifesto ကဘာလဲလို့ မေးတော့၊ အဲတာ Rule of Law နံပါတ်တစ်က ဥပဒေ စိုးမိုးရေး၊ နံပါတ်နှစ်ကတော့ ထာဝရ တည်တံ့ တည်ငြိမ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တစ်ခုရရှိဖို့၊ နောက်တတိယ ကတော့ ၂၀၀၈ ဖွဲ့စည်ပုံ ပြင်ဆင်ဖို့ရယ် အဲဒီလို ပြောတယ်။ ပြောတော့ ဒါ သူတို့က အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်မလဲ ဆိုတာကို ခုနကလည်း ပြောထားတယ်။ ဒါတဖြေးဖြေးတော့ပေါ့လေ ဖြစ်အောင်ကြိုးစားယူရမယ်။ ခုနေကတော့ Majority မဟုတ်သေးဘူး။ သူတို့က အဲတာကိုပဲ ပြောသွားတယ်"
ဗြိတိန်လွှတ်တော် အမတ်များအဖွဲ့ဟာ လွှတ်တော် တိုင်းရင်းသားပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ပြီး တွေ့ဆုံခဲ့ကြောင်းလည်း သိရပါတယ်။ ဒီအဖွဲ့မှာ (WFD) အဖွဲ့အကြီးအကဲ Linda Duffield အပါအဝင် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီ ၊ လစ်ဘရယ် ဒီမိုကရက်စတဲ့ ပါတီတွေက လွှတ်တော်ကိုယ်စားလှယ် ၇ ဦး လိုက်ပါလာကြောင်း သိရပါတယ်။