ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်တွေကို ဦးအောင်ကြည်နဲ့ ပြောဆိုခဲ့တာတွေ တင်ပြ
2011.07.26

AFP
"တင်ပြချက်တွေ အားလုံးဟာ မနေ့က ပူးတွဲကြေငြာချက် ထုတ်ပြန်ထားပြီးဖြစ်တဲ့ အတိုင်းပါဘဲ။ ဒါကြောင့်မို့လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလည်း လက်ခံ သဘောတူကြောင်း မှတ်တမ်းတင်လိုက်ကြပါတယ်။ နောက်ထပ် အသေးစိတ် ကျနော်တို့ ထုတ်ပြန်စရာ မရှိပါဘူး။"
င်္ဒိကနေ့ထုတ် အစိုးရ သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ မနေ့က ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့့်် အခွင့်အလမ်းတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သမတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်ကို RFA က ဆက်သွယ်မေးမြန်း ခဲ့ရာမှာတော့ အခုလို တွေ့ဆုံဖို့ ပြီးခဲ့တဲ့ ရှေ့ပိုင်းကာလတွေ ကတည်းက စီစဉ်ထားခဲ့တာ ဖြစ်ကြောင်း၊ အခုမှ ပေါ်လာတာမဟုတ်ကြောင်း ပြောပါတယ်။
ဒီအတောအတွင်း မကြာခင် ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းဘက် ခရီးထွက်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဦးအုန်းကြိုင်က နယ်ခရီးထွက်ဖို့ ပြင်ဆင်နေကြောင်းနဲ့ ကြိုတင် သတင်းထုတ်ပြန်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။