ရွေးကောက်ပွဲရလဒ်ကို မထောက်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော် တိုက်တွန်း

စောဖိုးခွား
2021.01.31
ရွေးကောက်ပွဲရလဒ်ကို မထောက်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော် တိုက်တွန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
Photo: Thet Su Aung/RFA

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က တပ်မတော် ခင်းကျင်းပြသခဲ့တဲ့ အရေအတွက်၊ စာရင်းဇယားတွေကို မစိစစ်ဘဲ ပုံမှန်လုပ်ဆောင်နေကျအတိုင်းပဲလို့ သဘောထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မထောက်ခံ သင့်ကြောင်း တိုက်တွန်းထားတာပါ။

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့၊ အသွင်ကူးပြောင်းရေး ကြန့်ကြာအောင်မလုပ်ဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံသံရုံးတွေ စုပေါင်းပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကို တပ်မတော်က နှောင့်နှေးကြန့်ကြာစေတယ်ဆိုတဲ့ အချက်ကိုလည်း တပ်မတော်က ငြင်းလိုက်ပါတယ်။

မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့ မဲစာရင်း ၁၀ သန်းခွဲခန့်ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ မရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ နိုင်ငံတကာ သံတမန်တွေအနေနဲ့ တကယ့်ဖြစ်ရပ်မှန်ကို မသိဘဲ ယူဆချက် သက်သက်နဲ့ ထုတ်ပြန်ပြောဆိုတာတွေ မလုပ်သင့်ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပေမယ့် ဘာဆက်လုပ်မယ်ဆိုတာကို သေသေချာချာပြောမထားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Charlie goodMan
2021-01-31 13:41

Hello Sr. General - please do not destroy the beauty of Myanmar again. Why you do like this kind of dirty job. You do not want to retire as other general. No ne is everlasting sir. I am sure id you mistake then the people will HATE YOU MORE THAN THEY HATE - GALONE U SAW, WHO killed GENERAL AUNG SAN.

Regards,

C. goodMan