အမျိုးသားရေးလှုပ်ရှားသူတွေ တပ်မတော်ကို ထောက်ခံ


2016.11.06
army-recommend-protest-620.jpg တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း လူထုထောက်ခံပွဲကို နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် ပြည်သူ့ဟစ်တိုင် ကွင်းမှာ ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

အမျိုးဘာသာအတွက် အားကိုးစရာ တပ်မတော်သာရှိတဲ့အတွက် တပ်မတော်ကို ထောက်ခံ ကြိုဆိုကြောင်း လူထုထောက်ခံပွဲကို ရန်ကုန်မြို့ တာမွေ မြို့နယ် ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီကနေ့ အမျိုးသားရေး လှုပ်ရှားသူတွေက ကျင်းပခဲ့ပါတယ်။

လက်ရှိအစိုးရဟာ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့ မပြောဆိုတဲ့အတွက် တပ်မတော်ကိုသာ အားကိုးရမှာ ဖြစ်တယ်လို့ ထောက်ခံပွဲကို ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်တဲ့ ရှေ့နေဦးအေးပိုင်က ပြောပါတယ်။

"အမျိုးသားရေးတွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်နေရပြီ၊ ဘာသာရေးနဲ့ ပတ်သက်လို့လည်း ပျောက်ကွယ် မယ့်အရေးလည်း ရင်ဆိုင်နေရပြီဖြစ်တဲ့အတွက် ကျနော်တို့ဟာ အမျိုးဘာသာအတွက် အားကိုးစရာဆိုလို့ တပ်မတော်ပဲရှိနေတော့တယ်၊ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိအစိုးရက အမျိုးဘာသာ သာသနာကို ကာကွယ်မယ်လို့ တစ်လုံးတစ်ပါဒမှ မပြောရဲလို့ပဲ၊ သူတို့မပြောရဲတဲ့အတွက် ပြောရဲတဲ့မြန်မာ့တပ်မတော် ကိုပဲ အားကိုးရတော့မယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရကတော့ အမျိုးဘာသာ သာသနာအတွက်တော့ အင်မတန်မှ အားကိုးလို့မရတဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်လို့ ဒီနေရာကနေ အပြုသဘောနဲ့ တင်ပြလိုက်ပါတယ်ခင်ဗျ"

အမျိုးသားလှုပ်ရှားမှု လူထုထောက်ခံပွဲကို လွှတ်တော် ကိုယ်စားလှယ်ဟောင်းဒေါ်ခင်ဝိုင်းကြည် အပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူတွေ တက်ရောက် ခဲ့ပြီး အနောက်တံခါးလုံခြုံရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေး၊ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဟောပြောခဲ့ကြပါတယ်။

ထောက်ခံကြိုဆိုပွဲကို လာရောက်ကြသူ ၇၀ ကျော်လောက်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။