ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ
2011.11.05

ဒီ့အတွက် ကမ်းခြေ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး နောင်မှာ ပင်လယ်လှိုင်းဒဏ်ကို အကာအကွယ် မပေးနိုင်တော့မယ့် အရေးအတွက် ရင်လေးစရာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေဒေသခံ တယောက်ကတော့ ကမ်းခြေသဘာဝ ပျက်သွားပြီလို့ ပြောပါတယ်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး အရှေ့ဘက်တည့်တည့်မှာ ဆိပ်ကမ်း တည်ဆောက်နေတာ ဖြစ်ပြီး ဆိပ်ကမ်း မြေဖို့ဖို့အတွက် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ် တဝိုက်နဲ့ ဘာဆာရွာ ရေချိုးဆိပ်က သဲတွေကို ကားအစီး ၄ဝ လောက်နဲ့ တနေ့ကို ၈ ခေါက်ကနေ ၁ဝ ခေါက်အထိ ခေါက်တုန့်ခေါက်ပြန် သယ်နေတယ်လို့ သိရပါတယ်၊
အခုလို သဲတွေတူးတဲ့အတွက် သောင်တွေ ပျက်စီးပြီး ကမ်းခြေရွာတွေ ပင်လယ်လှိုင်းဒဏ် မခံနိုင်ဘဲ တရွာလုံး ပျောက်သွားမယ့် အန္တရာယ်ကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။
ကမ်းခြေမှာ Back foe ကားကြီးတွေနဲ့ သဲတွေတူးပြီး ကားတွေနဲ့ သယ်သွားတဲ့ လမ်းတလျှောက် ဖုံတွေ အလိမ်းလိမ်းထနေတာကို ကုမ္ပဏီက ရေလိုက်ဖြန်းတာတွေ ရှိပေမယ့် နိုင်နိုင်နင်းနင်း မဖြန်းနိုင်ဘူးလို့လည်း ဆိုပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ကုလားတန်မြစ် စီမံကိန်းကို ၂ဝ၁၃ ခုနှစ်မှာ အပြီးသတ် အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ သိရပါတယ်။