ကြေညာချက်ဝေခဲ့တဲ့ ပဲခူးကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဖိအားပေးခံရ


2014.01.21

ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ဝေငှခဲ့တဲ့ ကျောင်းသား ၃ ယောက်ကို ကျောင်းအာဏာပိုင်တွေက ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ပဲခူးတက္ကသိုလ်ရှေ့မှာ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေက ကျောင်းသူ ကျောင်းသားတွေ ကို ကြေညာချက်ဝေနေတုန်း ဝန်ထမ်းတစ်ဦးက လာရောက်တားမြစ်ပြီး ရုံးခန်းကို ခေါ်သွားတဲ့အကြောင်းနဲ့ လက်မှတ်ထိုးခိုင်းတဲ့အကြောင်းကို သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးကိုက RFA ကို ပြောပါတယ်။

"ပဲခူးမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးကြောင်း ကြေညာချက် စာတမ်းတွေရယ်၊ သမဂ္ဂဖွဲ့စည်းပြီးတော့ ဘာမှတော့မလုပ်ရသေးဘူးပေါ့နော်၊ ဘာမှမလုပ်ရသေးတဲ့အခါမှာ နာမည်တစ်ခုထွက်သွားတယ်၊ ပိုက်ဆံကောက်တယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့အကြောင်း အလယ်မှာ ဗကသ သမိုင်းအကျယ်ကို ရေးပြီးတော့ကမ်းတာ အဲနေ့မနက် ကမ်းတဲ့အခါမှာ ဝန်ထမ်းတစ်ဦးကထွက်ပြောတယ်၊ ကျောင်းသားတွေ လွတ်လပ်စွာ ပညာသင်ကြားရေးအနေနဲ့ ဒီနေရာမှာ မဝေပါနဲ့တဲ့၊ တခြားနေရာမှာ သွားဝေပေးပါတဲ့ဆိုပြီးတော့ ပါချုပ်တို့၊ မော်ကွန်းထိန်းတို့ဆီ ခေါ်သွားတာပါ၊ မင်းတို့ ဘာရည်ရွယ်ချက်နဲ့ ဝေတာလဲတဲ့၊ မင်းတို့စာရွက်တွေမှာ ခုံနံပါတ်ရယ်၊ မင်းတို့သုံးယောက်နာမည်ရယ် အကုန်ရေးခဲ့လိုက်တဲ့၊ အဲဒီစာရွက်ပေါ်မှာရေးပြီးတော့ အကုန်ပေးခဲ့လိုက်တယ်ခင်ဗျ၊ ကျနော်ရယ်၊ မျိုးထက်ပိုင်ရယ်၊ မျိုးဆက်ပိုင်ရယ် သုံးယောက်"

ဒီလိုမျိုးဖိအားပေးခံရပေမယ့် သူတို့အနေနဲ့သမဂ္ဂကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ကိုမျိုးကိုကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။