ထိုင်းရောက် မြန်မာလုပ်သား အရေး ကူညီသူတွေ ထိုင်းအစိုးရရဲ့စောင့်ကြည့်ခံနေရ


2016.08.07
thai-myanmar-workers-press-620.jpg ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေ သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တဲ့ ထိုင်းရောက်မြန်မာ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိ သူတွေကို ထိုင်းအာဏာပိုင်တွေက ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။

AAC အဖဲ့ွက ကိုရဲမင်းက ထိုင်းအာဏာပိုင်တွေက မေးမြန်းရာမှာ အဖွဲ့ရဲ့ရပ်တည်ချက်နဲ့ လုပ်ငန်းသဘောတွေ ကို မေးမြန်းခဲ့ပြီး လိုက်လံစောင့်ကြည့်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပြောပါတယ်။

"နာမည်ခေါ်ယူပြီးတော့ စကားပြောတာဆိုတာတော့ရှိပါတယ် ဒါပေမဲ့ ဘယ်သူဘယ်ဝါရယ်တော့ သူတို့လည်း မပြောဘူး၊ ဘယ်လိုပြောရမလဲ ကျနော်တို့ကို အနည်းငယ်မေးမြန်းတာတော့ရှိ တယ်ပေါ့နော်၊ ဘယ်လိုမျိုးရပ်တည်လဲအဖွဲ့က ဘာညာဒီလောက်ပါပဲ၊ တအားဖိအားပေးခြိမ်းခြောက် တာတော့ မရှိပါဘူး၊ စာရင်းမှာကြေညာထားတာကတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက DSI အထူးစုံစမ်းရေးကိုခေါ်ပြီးတော့ ဖမ်းခိုင်းတာပေါ့ ကျနော်တို့ကို၊ DSI ဆိုတာလည်း ကျနော်တို့နဲ့ အစဉ်လက်တွဲလုပ်နေတာ၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးတွေမှာ ကျနော်တို့က DSI နဲ့ အမြဲတွဲ လုပ်နေတာဖြစ်တယ်၊ ကျနော်တို့နဲ့ သိတဲ့လူတွေပါ"

ထိုင်းအစိုးရရဲ့ ဘယ်အဖွဲ့အစည်းက ခေါ်ယူစစ်ဆေးမေးမြန်းတယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူးလို့ လည်း ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း AAC အဖွဲ့ဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေ၊ ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေ ကို သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ယုဇန ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

AAC အဖွဲ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖဲ့ွ MAT လည်း ထိုင်းအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို ခံနေရတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး AAC မဟာမိတ်အဖွဲ့က  ကိုရဲမင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။