ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ယောက်ကို AA ဖမ်းဆီးခေါ်ဆောင်သွား

RFA Burmese
2024.11.13
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ယောက်ကို AA ဖမ်းဆီးခေါ်ဆောင်သွား အာရက္ခတပ်တော် (AA) မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား နှစ်ဆယ်အား တွေ့ရစဉ်။
Dhaka Tribune

အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ပြီး သွားလာနေတဲ့ သင်္ဘောနှစ်စင်းနဲ့ အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း Dhaka Tribune သတင်းက နိုဝင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီလှေတွေမှာ ဘိလပ်မြေနဲ့ အုတ်၊ သဲ၊ ကျောက်တွေ တင်ဆောင်လာပြီး စိန့်မာတင်ကျွန်းကို သွားနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေ ထိတ်လန့်စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်က AA နဲ့ စစ်ကောင်စီကို ဆက်သွယ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက နတ်မြစ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ကို တက္ကနပ်ဖ်မြို့ ဆိပ်ခံတံတားကတစ်ဆင့် ပြန်ပို့ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။