၈၈ မျိုးဆက်တွေ ပါဝင်မယ့် နိုင်ငံရေးပါတီ ဒီနှစ်ကုန်မှာ မှတ်ပုံတင်မည်


2017.03.30
minzayya-620.jpg ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ မတ်လ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေး တွေ့ ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား ဦးမင်းဇေယျ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

၈၈ မျိုးဆက် ကျောင်းသားတွေပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခုကို  ၂၀၁၇ ခုနှစ် အကုန်မှာ မှတ်ပုံတင်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်း လာရေး တွေ့ဆုံဆွေးနွေးပွဲမှာ သတင်းမီဒီယာတွေက မေးမြန်းရာမှာ ဦးမင်းဇေယျက အခုလို ဖြေကြားလိုက် တာဖြစ်ပါတယ်။

"ဦးတို့ရဲ့အကြမ်းမျဉ်းလျာထားချက်က ၂၀၁၇ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ အဆင်သင့်နိုင်ငံရေးပါတီတစ်ရပ်အဖြစ်နဲ့ တရားဝင်ရပ်တည်ပြီးတော့ အဆင်သင့်နိုင်ငံရေးပါတီ အလုပ်ကိုလုပ်ဆောင်လို့ရမယ်လို့ လျာထားချက်တော့ အဲဒီလိုမှန်းထားတယ်"

အဲဒီ နိုင်ငံရေးပါတီကို ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မာမာ ပေါ်ပေါက် လာဖို့အတွက် နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဦးမင်းဇေယျက ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် အဲဒီနိုင်ငံရေးပါတီမှာ ပြည်တွင်းပြည်ပက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်မှာဖြစ်တယ်လို့ အဲဒီပါတီမှာ ပါဝင်မယ့် ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အဖွဲ့စည်းတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။