ပြည်သူ့ပါတီတိုင်းရုံးဖွင့်ပွဲမှာ တိုင်စာ ၅ စောင် လက်ခံ


2019.01.13
mdy-people-party-622.jpg မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်း စတင်ဖွင့်လှစ်တဲ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခန်း စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ အလုပ်သမားအရေး၊ မြေယာအရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၅ စောင် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲကို ဒီနေ့ ချမ်းအေးသာစံမြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းပါတီရုံးခန်းကို မနေ့က မုံရွာမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ယုဇနတာဝါမှာ ပါတီရုံးချုပ်ကို ဖွင့်လှစ်ထားပါတယ်။

ပါတီအနေနဲ့ လတ်တလောမှာ ပါတီဝင်အင်အားကို ထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် က ပြောပါတယ်။

ပြည်သူ့ပါတီဟာ ပြည်ထောင်စုတဝန်းလုံးကို ကိုယ်စားပြုပြီး တည်ထောင်ခွင့်ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။

ဒီသတင်းကို RFA  သတင်းထောက် မခေမဏီဝင်း ပေးပို့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။