ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ
2012.01.21

ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် ပိုပြီး အားကောင်းလာစေဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ်ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”
ဒါ့အပြင် အစိုးရ အပါအဝင်၊ တပ်မတော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေ၊ ပြုပြင်ပြောင်းလဲရေး အင်အားစုတွေနဲ့ တိုင်းပြည် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီက ဒဂုံမြို့နယ် တော်ဝင်စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို လူ ၅ ရာ လောက် တက်ရောက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ကိုမင်းကိုနိုင်နဲ့ အတူ ၈၈ ကျောင်းသားခေါင်းဆောင်တွေက တလှည့်စီ ဖြေကြားသွားပါတယ်။
သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |