လုံခြုံရေးဥပဒေ ဖျက်သိမ်းရေး အဆိုရှုံးနိမ့်
2011.08.30

AFP PHOTO / Soe Than WIN
ပြည်တွင်းစစ် အခြေအနေကို အကြောင်းပြုပြီး ၁၉၅၀ ပြည့်နှစ်က ရေးဆွဲ ပြဌာန်းခဲ့တဲ့ နိုင်ငံတော် အရေးပေါ် စီမံချက် ဥပဒေ အပြင် ဒီဥပဒေနဲ့ ဆက်စပ်နေတဲ့ ရာဇသတ်ကြီး ပြစ်မှုတွေကို ပယ်ဖျက်ဖို့ ဦးသိန်းညွန့်က တင်သွင်း ခဲ့တာပါ။
ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ် ၄ ဦးက ဆွေးနွေး ကန့်ကွက်ခဲ့သလို ပြည်ထဲရေး ဝန်ကြီးကလည်း ဒီဥပဒေကို ဆက်လက် ထားရှိဖို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
လွှတ်တော် အမတ် ဦးသိန်းညွှန့် ကလည်း ၁၉၅၀ ပြည်တွင်းစစ် ဖြစ်နေစဉ် ကာလမှာ ဒီဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပေမယ့် အခုအခါမှာ တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ယူထားပြီး တချို့ နေရာတွေမှာ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲပြီး ဖြစ်တဲ့အတွက် ဖျက်သိမ်း သင့်ပြီဖြစ်ကြောင်း ပြန်လည် ဆွေးနွေး တင်ပြ တယ်လို့ ဆိုပါတယ်။
နောက်ဆုံး မဲခွဲ ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၈ မဲ ၊ ကန့်ကွက်မဲ ၃၃၆ မဲ နဲ့ ရှုံးနိမ့် သွားတယ်လို့ သိရပါတယ်။
ဒီကနေ့ လွှတ်တော်က ပယ်ချလိုက်တဲ့ ၁၉၅၀ နိုင်ငံတော် လုံခြုံရေး ဥပဒေ ပယ်ဖျက်သိမ်းရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး လွှတ်တော် အမတ် ဦးသိန်းညွန့် နဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းပြီး တင်ပြထားတာ ဆက်လက် နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |