လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပြည်ထဲရေးဝန်ကြီး ရှင်းပြ
2011.09.26

(Photo: AFP/MRTV 4)
ဒီမူကြမ်းအတွက် ပြင်ဆင်ချက် အဆိုတင်သွင်းမှုကို အခုလ၂၉ နေ့အထိ နောက်ဆုံးရက် သတ်မှတ် ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီ ဥက္ကဌ သို့မဟုတ် ဥက္ကဌက တာဝန် ပေးအပ်သူက ဖတ်ကြား ရှင်းလင်းခြင်း။ လွှတ်တော်က ဆွေးနွေး စဉ်းစားရန် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို ရှင်းလင်းမည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အဲဒါကို ကြာသပတေးနေ့ အထိ လေးရက် ခွင့်ပြုထားတယ်”
ဒီဥပဒေဟာ ပြည်သူ တရပ်လုံးရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ ပတ်သက်တဲ့အတွက် အင်မတန် အရေးကြီးတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
ဒီကနေ့ (၃) နာရီကြာ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာတော့ ဒေါက်တာ မြတ်ဉာဏစိုး တင်သွင်းတဲ့ နိုင်ငံခြား ကုမ္ပဏီဝန်ထမ်းတွေ အတွက် အနိမ့်ဆုံး လစာ သတ်မှတ်ရေး အဆိုကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မနက်ဖြန် ကျင်းပမယ့် အမျိုးသား လွှတ်တော် ဆွေးနွေးပွဲမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားရေး ဥပဒေကို ဆွေးနွေးဖွယ် ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြည်သူတွေ စုရုံး ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |