ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့ ၃ ဦး ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်း သမီး ၃ ဦးက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း RFA ကို ပြောဆိုပါတယ်။

2011.07.06
cho_cho_kyawnyein_democratic_party_305_z.jpg ဒီမိုကရက်ပါတီ မြန်မာ DPM ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းကို ၂၀၁၀ ခုနှစ် မဲဆွယ်ပွဲတွင် တွေ့ရပုံ။
RFA

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက သူ့အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါတီ စည်းရုံးရေးကို ပိုမိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အတွင်းရေးမှုး ဒေါ်ချိူချိုကျော်ငြိမ်း ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ မဲမသမာမှုတွေ၊ ဥပဒေ ချိုးဖောက်မှုတွေ အပေါ် ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် ဆောင်ရွက်မှုတွေကြောင့် အခုလို ဝင်ရောက် မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပါတယ်။

တခြား ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါ်နေရီဗဆွေ ကတော့ တခြား မဟာမိတ် ပါတီတွေကို ဦးစားပေးလိုတဲ့ အတွက် ဒီကြားဖြတ် ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုေ၀ ကတော့ မင်္ဂလာတောင်ညွန့် နယ်မြေ ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-06 08:08

ဝန်ကြီးချုပ်ဟောင်း သမီး ၃ ဦးနဲ့ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ ကတော့စစ်အုပ်စုကိုသက်ဆိုးစေခဲ့တဲ့တရားခံအစစ်နဲ့စစ်အုပ်စုနည်းတူအာဏာရူး၊သစ္စာဖောက်အစစ်တွေသက်သက်ပါ။ပွဲလန့်တုန်းဖျာခင်းရုံသက်သက်ပါ။