သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-30
သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်တွေနဲ့ အခက်အခဲတွေကို သတ္တိရှိရှိရင်ဆိုင်သွားမှာဖြစ်ပြီး ဒါဟာ အမျိုးဘာသာ သာသနာအကျိူးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြော ပါတယ်။
2017-06-30
ထိုင်းနိုင်ငံမှာ မကြာသေးမီက ပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ တရားမဝင် မြန်မာအလုပ် သမားတွေကို ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရကို ထိုင်းနိုင်ငံခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းက ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2017-06-30
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက နေအိမ် ရှင်းလင်းဖယ် ရှားခံရသူတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတ ရုံးထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေကိုပါ အရေးယူဆောင်ရွက် ပေးဖို့ အကြံပြုထားပါတယ်။
2017-06-28
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတစ်ချို့သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိနေတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရန်တန့်ပေးဖို့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တို့က မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-06-28
တအာင်းလွတ်မြောက်ရေးတပ်မတော်က ကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့တိုက်ဖျက်ရေး အခမ်းအနား ကို သတင်းသွားယူခဲ့တဲ့ သတင်းသမား ၃ ဦးနဲ့အတူ ယာဉ်မောင်း ၃ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်က အမှုဖွင့်ပြီး သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
2017-06-28
စားသုံးသူတွေရဲ့ ထိခိုက်နစ်နာတာတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ဖွင့်လှစ်ထားပြီး ခရိုင်ရုံးတွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
2017-06-28
၁၉၇၆ ဇွန်လ ၂၆ ရက်နေ့မှာ စစ်အစိုးရက သပိတ်မှောက် တက္ကသိုလ်ကျောင်း သားခေါင်းဆောင် (ဦး) ကိုတင်မောင်ဦးကို အင်းစိန်ထောင်မှာကွပ်မျက်ခဲ့စဉ်က ကြိုးစင်နဲ့ အနီးဆုံးဖြစ်တဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းဆောင် မှာ ဦးသန့်အရေး အခင်းပါဝင်မှုနဲ့ ထိန်းသိမ်းခံနေရ သူ မဌေးဌေးဝင်း ရှိနေခဲ့ပါတယ်။
2017-06-27
တအာန်းလက်နက်ကိုင်အဖွဲ့ TNLA ရဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီသတင်းထောက်တို့ကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
2017-06-27
UPDJC ဦးဆောင်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက Parallel forum အနေနဲ့ပူးပေါင်းပါဝင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ၅ ရက်ကြာကျင်းပ နေပါတယ်။
2017-06-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ မနေ့ ညနေပိုင်းက ငွေဆင်ကျောက်မျက်တူးဖော်ရေး လုပ် ကွက်ရဲ့လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေ မဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရေမဆေးသမားတစ်ဦးသေ ဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2017-06-27
အန်အယ်လ်ဒီပါတီအပေါ် ပြည်သူလူထုဝေဖန်တာတွေကို ခေါင်းထဲထည့်မှာ မဟုတ်ကြောင်း၊ ဂရုစိုက်မှာ မဟုတ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်တွေဟာ ပြည်သူနဲ့အတူ ရှိနေမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ မူဝါဒနဲ့ လွဲချော်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။
2017-06-25
ဒုတိယအကြိမ် ၂၁ ပင်လုံညီလံခံအပြီး မြန် မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အဖြစ်များလာ တာဟာ တပ်မတော် ရဲ့ထိုးစစ်တွေကြောင့်ဖြစ်တယ် လို့ တအာန်းပလောင် TNLA အဖွဲ့ကပြောပါတယ်။ တဆက်တည်း တပ်မတော်ဟာ မြောက်ပိုင်း(၇)ဖွဲ့ကို တစ်ဖွဲ့ချင်းသာ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့ လည်း ပြောပါတယ်။
2017-06-24
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ထိုင်းနိုင်ငံကုမ္ပဏီတွေလုပ်ကိုင်နေတဲ့ ဘန်းချောင်း ကျောက်မီးသွေး သတ္တုတွင်းကြောင့် လေထုညစ်ညမ်းတာတွေ ၊ ဒေသခံတွေရဲ့ စားဝတ်နေရေးထိခိုက်တာတွေ၊ စိုက်ပျိုးမြေတွေ အသိမ်းခံနေရတာတွေကို ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒေသခံ ၁၃ဝ ကျော်က တိုင်ကြားလိုက်ပါတယ်။
2017-06-23
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆို ခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဗဟန်းတရားရုံးက ဒီကနေ့ လေးကြိမ်မြောက် ထပ်မံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားချက်ကို လည်း ပယ်ချလိုက်ပါတယ်။
2017-06-22
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေအထက် တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို ပထမ ဆုံး အောင်မြင်ခဲ့တဲ့ မရီစန်းရှီး ကျန်တဲ့သူတွေထဲမှာ ထူးခြားပြီး အခြေခံကောင်းခဲ့တဲ့သူတစ်ယောက်ဖြစ် တယ်လို့ သူမရဲ့ ဆရာ ဦးတင့်ထွန်းနိုင် က ပြောပါ တယ်။