ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်
2017.06.27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ မနေ့ညနေပိုင်းက ငွေဆင်ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ရဲ့ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ ရာ ရေမဆေးသမားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မေးမြန်းထားပါတယ်။