ဦးကျော်မင်းဆွေအမှု အာမခံလျှောက်ထားချက် ၄ ကြိမ်မြောက် ပယ်ချခံရ
2017.06.23
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဗဟန်းတရားရုံးက ဒီကနေ့ လေးကြိမ်မြောက် ထပ်မံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားချက်ကိုလည်း ပယ်ချလိုက်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။