ငြိမ်းချမ်းရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေ အပြိုင်ပါဝင်ရေး ၅ ရက်ကြာဆွေးနွေးပွဲ


2017.06.27

UPDJC ဦးဆောင်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက Parallel forum အနေနဲ့ပူးပေါင်းပါဝင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ၅ ရက်ကြာကျင်းပ နေပါတယ်။

ပြည်နယ်နဲ့တိုင်းအားလုံးက အရပ်ဘက်လူ့အဖွဲ့အစည်းတွေပါဝင်တဲ့ အဲဒီဆွေးနွေးပွဲမှာ လာမယ့် ၂၁ ရာစုပင်လုံမှာ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တင်ပြမယ့်အကြောင်းအရာတွေ ကိုဆွေးနွေးနေကြတယ်လို့ ထွယ်ဂျန်ဒါအဖွဲ့ကိုတည်ထောင်သူ မနန်ပူကပြောပါတယ်။

မနန်ပူကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။