ဘန်းချောင်း ကျောက်မီးသွေး တွင်းကိစ္စ ထိုင်းလူ့အခွင့် အရေးကော်မရှင်ကို တိုင်ကြား
2017.06.24
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ထိုင်းနိုင်ငံကုမ္ပဏီတွေလုပ်ကိုင်နေတဲ့ဘန်းချောင်း ကျောက်မီးသွေးသတ္တုတွင်းကြောင့် လေထု ညစ်ညမ်းတာတွေ၊ ဒေသခံတွေရဲ့ စားဝတ်နေရေးထိခိုက်တာတွေ၊ စိုက်ပျိုးမြေတွေ အသိမ်းခံနေရတာတွေကို ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒေသခံ ၁၃ဝ ကျော်က တိုင်ကြားလိုက်ပါတယ်။
ဘန်းချောင်းကျောက်မီးသွေးသတ္တုတွင်းကြောင့် ထိခိုက်ခံစားရတာတွေကို စောင့်ကြည့်ဖု့ိ ဖွဲ့စည်းထားတဲ့ ဘန်းချောင်းဒေသပြည်သူလူထုတည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဦးစောတင်ဦးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။