သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-28
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးဆိုင်ခန်း ဖွင့်ရောင်းချနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလဝကရဲနဲ့ စည်ပင်ရဲ ပူးပေါင်းပြီး မနေ့ကစတင်ဖမ်းဆီးနေပါတယ်။
2017-02-28
၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မြစ်ကြီးနားမြို့ကနေ ဘီးတပ်ကုလားထိုင်တွေနဲ့ ချီတက်လာခဲ့တဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဝင် ၅၀ ကျော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2017-02-28
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ ထိပ်သီးညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-28
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ ကျောက်မီးသွေး စမ်းသပ်ခွင့်လိုင်စင်နဲ့ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကို တွေ့ရှိခဲ့ရတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေကို လာရောက်ဖြေရှင်းဖို့ အကြောင်းကြားထားတယ်လို့ တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။
2017-02-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခြင်းမပြုဖို့ မနေ့က ကျင်းပပြီးစီး သွားတဲ့ ဝပြည် ပန်ဆန်းညီလာခံမှာ ဆုံးဖြတ်လိုက် ပါတယ်။
2017-02-25
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဒီနေ့ ပန်ခမ်းဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2017-02-25
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ထိုင်း - မြန်မာ ဖက်စပ်ပိုင် MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စမ်းသပ်လည်ပတ်နေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးပြီး အစီရင်ခံစာတင်ပြဖို့ မွန်ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
2017-02-24
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ NRPC ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက် မှု စောင့်ကြည့်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိုနှိုင်းရေးအဖွဲ့က ဒီကနေ့ နေပြည်တော်က NRPC ရုံးမှာပြုလုပ်တဲ့စည်းအဝေးမှာ အတည်ပြုပေးလိုက် ပါတယ်။
2017-02-23
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ ကျင်းပဖို့အတွက် ရည်မှန်းထားပြီး ကျန်တဲ့ နေရာမှာ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။
2017-02-22
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သင်ကြားခဲ့တဲ့ ပညာအရည်အချင်းတွေကို လက်ရှိမြန်မာအစိုးရက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးပါလို့ ကရင်လူငယ်အဖွဲ့အစည်း တချို့က တောင်းဆိုလိုက်ပါတယ်။
2017-02-22
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို လာမယ့် ဖေဖော် ဝါရီလ ၂၆ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဂုဏ်ပြုပွဲ ကျင်းပမှာဖြစ်ပါတယ်။
2017-02-22
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်းကျောက်မီးသွေးစီမံကိန်း လုပ်ကွက်တွေမှာ ကျောက်မီးသွေးတွေ မီးလောင်နေတဲ့အတွက် အနံ့ဆိုးတွေ ထွက်ပေါ်နေသလို ရေဆိုးတွေကို ဘန်းချောင်းထဲ စွန့်ပစ်မှုတွေ ရှိနေတာ စစ်ဆေးတေ့ွရှိခဲ့တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
2017-02-22
နှုတ်ထွက်စာတင်ထားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-02-21
ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင် အကောင်အထည်ဖော်မယ့်အစီအစဉ်ကို လာမယ့်မတ်လအတွင်း ကျင်းပမယ့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့က တင်ပြပြီး လွှတ်တော်ရဲ့ သဘောထား ခံယူမယ့် အခြေအနေရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။
2017-02-21
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး OHCHR က ထုတ်ပြန်တဲ့ မောင်တောအရေး အစီရင်ခံစာအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောမြို့နယ်မှာ ၈ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။