ကရင်လူငယ်တွေ ပညာရေး နှိမ့်ချဆက်ဆံခံနေရ
2017.02.22
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သင်ကြားခဲ့တဲ့ ပညာအရည်အချင်းတွေကို လက်ရှိမြန်မာအစိုးရက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးပါလို့
ကရင်လူငယ်အဖွဲ့အစည်းတချို့က တောင်းဆိုလိုက်ပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို “မေ့လျှော့ခံနေရသော လူငယ်များ၏ ရင်ဖွင့်သံ” လို့
အမည်ပေးရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုတခုကို ကရင်လူငယ်တွေက ရန်ကုန်မြို့မှာ မနေ့က ထုတ်ပြန်ပြသခဲ့ပါတယ်။
အဲဒီ မှတ်တမ်းတင်ဗီဒီယိုကို ထုတ်လုပ်တင်ပြရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ကရင်ကျောင်းသားကွန်ရက်(Karen Student Network) ဥက္ကဌ စောထူးထူး စတင်းနဲ့ RFA
အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။