ဦးကိုနီနဲ့ ဦးနေဝင်း တို့အတွက် ဂုဏ်ပြုပွဲ ကျင်းပမယ့် အကြောင်း မေးမြန်းချက်
2017.02.22
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို လာမယ့် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဂုဏ်ပြုပွဲ ကျင်းပမှာဖြစ်ပါတယ်။ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂုဏ်ပြုပေးဖို့ ဖိတ်ကြားထားတယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။
ဝန်ကြီး ဦးနိုင်ငံလင်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။