မွန်ပြည်နယ်အစိုးရ ဘိလပ်မြေစက်ရုံကို စစ်ဆေး
2017.02.25
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ထိုင်း - မြန်မာ ဖက်စပ်ပိုင် MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စမ်းသပ်လည်ပတ်နေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးပြီး အစီရင်ခံစာတင်ပြဖို့ မွန်ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
ဒေသခံတွေဘက်က ကန့်ကွက်မှုတွေရှိနေတဲ့ MCL ကျောက်မီးသွေးစက်ရုံကိစ္စအပေါ် မွန်ပြည်နယ်အစိုးရက စစ်ဆေးမှုတွေ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။