UNFC တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် နဲ့ မေးမြန်းချက်


2017.02.28

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ ထိပ်သီးညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပန်ဆန်းညီလာခံရဲ့ ဆုံးဖြတ်ချက်ကြောင့် အစိုးရနဲ့ UNFC တို့ လက်ရှိဆွေးနွေးနေတဲ့ ဆွေးနွေးမှုပုံစံ အပြောင်းအလဲမရှိသေးကြောင်း နဲ့ လာမယ့် မတ်လ ၁ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း UNFC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

ဦးထွန်းဇော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။