ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည်စတင်မယ့် အစီအစဉ် မေးမြန်းချက်
2017.02.21
ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်အကောင်အထည်ဖော်မယ့်အစီအစဉ်ကို လာမယ့်မတ်လအတွင်း ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့က တင်ပြပြီး လွှတ်တော်ရဲ့သဘောထား ခံယူမယ့် အခြေအနေရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။