မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ကွင်းဆင်းစစ်ဆေးမှုအပေါ် မေးမြန်းချက်
2017.02.21
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး OHCHR က ထုတ်ပြန်တဲ့ မောင်တောအရေး အစီရင်ခံစာအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောမြို့နယ်မှာ ၈ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ကော်မရှင် စစ်ဆေးတေ့ွရှိချက် အစီရင်ခံစာကို ရှေ့လဆန်းလောက်မှာ နိုင်ငံတော်သမ္မတဆီ တင်ပြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေ ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ် မေးမြန်းထားပါတယ်။