သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-03
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေအားလုံးအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ သူ တစ်ခုခုဖြစ်သွားရင် သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေ တစ်ဘဝလုံးစာ စစ်ဆေးအရေးယူတာခံရမှာ ဖြစ်တဲ့အကြောင်း သိစေချင်ပါတယ်။
2022-06-02
စစ်တပ်က အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကြောင့် သတိနဲ့ သွားလာနေရပြီး၊ ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ယူထားရတယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက မေလ ၃ဝ ရက်နေ့က RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
2022-05-23
ဒီလိုအခက်အခဲ ဖြစ်တဲ့သူတွေရဲ့ စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပေးပို့မယ်ဆိုရင် အကူအညီပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2022-05-15
NUG အစိုးရကို အမေရိကန်အစိုးရနဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေရဲ့ တရားဝင်အသိအမှတ်ပြုမှု အခြေအနေ၊ အင်အားကြီးတဲ့ စစ်တပ်ကို PDF တွေကအနိုင်ရနိုင်ခြေရှိ၊ မရှိဆိုတာတွေနဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
2022-05-13
အမေရိကန်က NUG ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုသေးပေမယ့် နိုင်ငံရေးအရရော ရင်းနှီးတဲ့မိတ်ဆွေအဖြစ်ပါ လက်ခံပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
2022-05-12
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
2022-05-12
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြုလုပ်နေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ မတိုင်ခင် မေလ ၁၁ရက်နေ့ကပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံပြင်ပ အလွတ်သဘော အစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို RFA ရဲ့ လက်အောက်ခံ Benar News နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2022-05-05
စတင်ရောင်းချတဲ့နေ့မှာပဲ တစ်ဦးတည်းက အမေရိကန်ဒေါ်လာ တစ်သိန်းဖိုးအထိ ဝယ်ယူခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။
2022-05-03
မနေ့က မေလ ၃ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ တိုက်ဆိုင်ကျင်းပခဲ့တဲ့ World Press Photo ကမ္ဘာ့သတင်းဓာတ်ပုံ ပြိုင်ပွဲမှာ နွေဦးတော်လှန်ရေးအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ မြန်မာနိုင်ငံက ဓာတ်ပုံသတင်းသမား နှစ်ဦး ဆုရခဲ့ပါတယ်။ ဒီအထဲမှာ ဆုရှင် တစ်ဦးကတော့ သူလက်ရှိ လုံခြုံတဲ့ဒေသမှာ ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့သတင်းသမားတွေအတွက်အထူးစိုးရိမ်စရာအခြေအနေဖြစ်နေတဲ့အကြောင်း ပြောပါတယ်။
2022-04-29
တပ်မတော်ဆေးပညာဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ) က သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဟာ ခင်ပွန်းဖြစ်သူ အငြိမ်းစား ဆရာဝန် ဗိုလ်ကြီး သင်းအောင်ထွေးနဲ့အတူ ဒီမိုကရေစီပြည်လည်ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းဖို့အတွက် လွတ်မြောက်နယ်မြေတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါပြီ။
2022-04-21
နွေဦးတော်လှန်ရေးအပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လက်ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေပိုင်ဆိုင်တဲ့ မြေယာ၊ အိုးအိမ်နဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်း ရောင်းချမှာဖြစ်ပြီး အဲဒီပစ္စည်းတွေကို အများပြည်သူတွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်အောင် အခုလာမယ့် မေလကစပြီး အစုရှယ်ယာတွေအဖြစ် ရောင်းချပေးသွားမှာဖြစ်တယ်။
2022-04-18
အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (PDF ) ၂၅၉ ရင်း ရှိနေပြီး၊ စစ်သည်အင်အား ငါးသောင်းကနေ တစ်သိန်းကြား ရှိနေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က RFA ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2022-04-14
စစ်တပ်က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ပုံစံဟာ လူမျိုးတုံးသတ်ဖြတ်မှု Genocide မြောက်တယ်လို့ CDM ဗိုလ်ကြီး နေမျိုးသက်က RFA ကို ပြောပါတယ်။
2022-04-05
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး အမေရိကန်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
2022-03-22
တပ်မတော်သိပ္ပံနဲ့နည်းပညာသုတေသနဌာနက ဒုတိယဗိုလ်မှူးကြီးဗညားကျော်နဲ့ ဆက်သွယ်မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့ စစ်ကောင်စီက တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေး၊ အနောက်နိုင်ငံတွေက ရှိသင့်တဲ့သဘောထားနဲ့ သူ့ရဲ့ ပြည်သူနဲ့တပ်မတော်သားတွေအတွက် ပန်ကြားချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။