NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ RFA တွေ့ဆုံမေးမြန်းချက် (ပထမပိုင်း)
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.05.12
2022.05.12
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၂ ရက်နေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရပိုင်းက ခေါင်းဆောင်တွေအပြင် ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင် တချို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေတာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့လည်း မေလ ၁၄ ရက် မနက်ဖြန်တွေ့ဆုံမှာ ဖြစ်ပါတယ်။
အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA ရုံးချုပ်မှာ ဦးခင်မောင်စိုးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။