သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-14
နိုင်ငံခြားငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်း ဝ.၈% အတွင်း ရောင်းဝယ်ဖို့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။ အဲဒီလို ပယ်ဖျက်လိုက်တဲ့အတွက် ဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ တစ်သမတ်တည်း ဖြစ်သွားနိုင်တဲ့အတွက် ဒီဆောင်ရွက်ချက်ကို ထောက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်နဲ့ ဘဏ်လုပ်ငန်းအကြံပေးပညာရှင် ဦးရဲမင်းဦးက ပြောပါတယ်။
2018-08-14
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲထက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာပါ အောင်မြင်မှု ရရှိဖို့အတွက် NLD ပါတီက ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
2018-08-13
ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မူစလင်ဒုက္ခသည်တွေကို ပြန်ပို့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ ်နိိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရတို့ အချက် ၈ ချက်ကို သဘောတူညီ ခဲ့ကြပါတယ်။
2018-08-13
သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ၆၈ နှစ်မြောက် “ကရင်အာဇာနည်နေ့” အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး KNU က ဖဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖဒိုမန်းငြိမ်းမောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-13
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တို့ဟာ ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2018-08-13
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ လုံးဝမရှိတော့တဲ့အထိ ထပ်မံတွေ့ဆုံညှိနှိုင်း သွားဖို့ နှစ်ဘက်သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
2018-08-11
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ဟာ အလွှာအသီးသီးက လူငယ်အဖွဲ့အစည်းတွေကို ထည့်သွင်းမစဉ်းစားတာ၊ အသိအမှတ်မပြုဘဲ လျစ်လျူရှုထားတာ၊ ပွဲစီစဉ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး လူငယ်အဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-08-11
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေသူတွေကို ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာအစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-08-11
မြန်မာ့တပ်မတာ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစိုးရကတာဝန်ရှိတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒု-ညွန်ကြားရေးမှူး Phil Robertson ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-11
ရေဘေးလို သဘာဝဘေးအန္တရာယ်တွေ ကြုံရပြီး နောက်မှာ ဘေးဒဏ်ခံရသူတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးတင်မက စိတ်ကျန်းမာရေး ပြဿနာများ တွေပါ ကြုံတွေ့နိုင်ပြီး လူမှုဘဝ ထိခိုက်မှုတွေအထိပါ ဖြစ်လာနိုင်ပါတယ်။
2018-08-10
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေ သိရှိနိုင်အောင် စင်ကာပူနိုင်ငံက Singapore Lecture မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က အခုလအတွင်း မိန့်ခွန်းပြောကြားသွား မှာဖြစ်ပါတယ်။
2018-08-10
၄၃ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-08-09
လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတဟောင်း Michelle Bachelet ကို ခန့်အပ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
2018-08-09
ကယားပြည်နယ် ဒီမောဆိုးမြို့နယ် မန်းလားကျေးရွာမှာ နှစ် ၇ဝ ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ကို KNPDP , KNPLF, KNLP နဲ့ KNSO စတဲ့ … ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၉ ရက်နေ့က ကျင်းပပါတယ်။ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မောင်မောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-08-08
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းဒေသမှာ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ လေးခုက အလုပ်သမား ၁၂ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ၈ နှစ်နီးပါးကြာ ဖမ်းဆီးထားခဲ့တာကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။