ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မောင်တောကို သွားရောက်လေ့လာ
2018.08.11
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေသူတွေကို ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာအစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူ ဒေါက်တာအောင်သူရိန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။