RCSS/SSA က ဖမ်းထားတဲ့ အလုပ်သမား ၁၂ ဦးအကြောင်း ဆက်သွယ်မေးမြန်းချက်
2018.08.08
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းဒေသမှာ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ လေးခုက အလုပ်သမား ၁၂ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ၈ နှစ်နီးပါးကြာ ဖမ်းဆီးထားခဲ့တာကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။