ဒူဘိုင်းရောက် မြန်မာတစ်ရာကျော် ပြည်တော်ပြန်မည်


2020.05.07

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က မြန်မာနိုင်ငံသားအယောက် ၁ဝဝ ကျော်ဟာ အစိုးရစီစဉ်ပေးတဲ့လေယာဉ်နဲ့ လာမယ့်မေလ ၁ဝ ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လာကြတော့မှာဖြစ်ပါတယ်။

စက်ရုံအလုပ်ရုံတွေပိတ်သွားပြီးနောက် အလုပ်လက်မဲ့တွေဖြစ်ပြီး၊ လေကြောင်းလိုင်းတွေလည်းပိတ်ထားတာကြောင့် သူတို့တွေဟာ ၂ လနီးပါး ဒူဘိုင်းမှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။

RFA ဝိုင်းတော်သား စောဖိုးခွားကတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။