RCSS နဲ့ SSPP ထပ်မံတွေ့ဆုံဖို့ သဘောတူ
2018.08.13
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ လုံးဝမရှိတော့တဲ့အထိ ထပ်မံတွေ့ဆုံညှိနှိုင်းသွားဖို့ နှစ်ဘက်သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
တောင်ကြီးမြို့မှာ နှစ်ရက်ကြာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီမူရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်လာဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။
စိုင်းလိတ် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။