လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကိုလင်းသီဟနဲ့ မေးမြန်းချက်
2018.08.11
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ဟာ အလွှာအသီးသီးက လူငယ်အဖွဲ့အစည်းတွေကို ထည့်သွင်းမစဉ်းစားတာ၊ အသိအမှတ်မပြုဘဲ လျစ်လျူရှုထားတာ၊ ပွဲစီစဉ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး လူငယ်အဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
သဘောထားထုတ်ပြန်ရာမှာပါဝင်တဲ့ မန္တလေးတိုင်း ဒေသကြီး လူငယ်အစည်းအရုံးက အတွင်းရေးမှူး ကိုလင်းသီဟ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။