သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-24
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထိပ်ပိုင်းအရာရှိ တချို့ဟာ မြေကွက်တွေကို ဂရမ်ရိုက်ပြီး ရောင်း စားနေတယ်ဆိုပြီး ပဲခူးမြို့ခံ ဒေါက်တာ စိုးမြင့်သန်း က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားထား ပါတယ်။
2015-06-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဥက္ကဌ ဦး တင်ဦးနဲ့ အဖွဲ့ဝင် ၁၂ ဦးတို့ဟာ မနေ့က ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ တွံ့တေးမြို့နယ်တွေမှာ မဲစာရင်းတွေကို သွားရောက် စီစစ်ခဲ့ပါတယ်။
2015-06-22
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ထိန်းသိမ်းထား တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးရွှေ့ပြောင်းသူ ၅၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အမြန်ဆုံးပြန်ပို့နိုင်ရေး အရှိန်မြှင့်ဆောင် ရွက်နေကြောင်း၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကိစ္စ ညှိနှိုင်းဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။
2015-06-22
တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခလစာ နှုန်းထားကို သတ်မှတ်နိုင်ဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့က မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီနေ့ စတင်ဆွေးနွေးကြပါတယ်။
2015-06-22
မန္တလေးတိုင်းက ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ် ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တစ်အိမ်တက် ဆင်း လိုက်လံရှင်းပြမယ့် သတင်းတွေနဲ့ ပတ်သက် ပြီး နော်ဝေးနိုင်ငံမှာ သီတင်းသုံးနေတဲ့ ရွှေ ဝါရောင်တော်လှန်ရေး ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ထာဝရကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-06-21
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး မဘသရဲ့ ဒုတိယ အကြိမ် ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့ နယ် အောင်ဆန်းတောရကျောင်းတိုက်မှာ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး အချက် ၁၂ ချက်ပါ ကြေငြာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2015-06-21
ရွှေတိဂုံစေတီတော်အနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီးဝမ်း စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ဆိုင်းပေးမယ်လို့ မနေ့က အင်းစိန်မြို့ အောင်ဆန်းတောရကျောင်းတိုက်မှာ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ကတိပေးခဲ့ပါတယ်။
2015-06-20
၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ရန်ကုန် မြို့ မြေနီကန်းမှာ လုံထိန်းတပ်ဖွဲ့ဝင်တွေ က ကျောင်းသားတွေကို ကားနဲ့တိုက်လို့ အရပ်သားပြည်သူတွေက ပြန်လည်တိုက်ခိုက် တဲ့အတွက် အရေးအခင်းကြီး ဖြစ်သွားခဲ့တာ ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။
2015-06-18
စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေလိုအပ်တဲ့ အမေရိကန်ဒေါ်လာ ကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေနဲ့ အစိုးရ ဘဏ်တွေဖြစ်တဲ့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနဲ့ ကူးသန်းရောင်း ဝယ်ရေးဘဏ် MICB ဘဏ်တွေကတစ်ဆင့် ဒီနေ့ စတင်ရောင်းချ ပေးလိုက်ပါတယ်။
2015-06-17
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဝန်းရံသူတွေ ကို တရားရုံးထုတ်နေတာ ဒီနေ့ဆိုရင် ၈ကြိမ်ရှိပြီဖြစ် ပြီး ဘာမှ စစ်ဆေးမှုမရှိဘဲ ပြီးဆုံးသွားပါတယ်။
2015-06-17
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ လယ်သမား ၁၇ ဦး နဲ့ အကူအညီပေးတဲ့ ရန်ကုန် တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်း တို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် က အမှုဖွင့်ထားပါတယ်။
2015-06-17
ဒီမိုကရေစီပညာရေးတောင်းဆိုလို့ ပင်မကျောင်းသားသပိတ်ကို လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးချိန်မှာ အတွင်းဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုနေရတဲ့ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကိုတင်ဝင်းရဲ့ညီ ကိုနေဇော်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-06-15
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း မှာ နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့််သတ်ထားတဲ့ ပုဒ်မ ၅၉ (စ)ကို အနည်းငယ်ပြင်ဆင်ထားပြီး ၊ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မကိုလည်း ပြင်ဆင် ထားပါတယ်။
2015-06-15
တတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့က နေပြည်တော်နဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ ဒီနေ့ကစပြီး ၁၈ ရက်နေ့အထိ ၄ ရက်ကြာ အခမဲ့ ပြသနေပါတယ်။
2015-06-15
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်ပြီးဆုံး သွားပြီဖြစ်တဲ့ အတွက် ဒီကနေ့ရန်ကုန်ကို မြို့ကို ပြန်လည်ရောက်ရှိပါတယ်။