ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တချို့ မြေဂရန်ရောင်းစားမှု ဒေါက်တာ စိုးမြင့်သန်းကို မေးမြန်းချက်
2015.06.24
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထိပ်ပိုင်းအရာရှိတချို့ဟာ မြေကွက်တွေကို ဂရမ်ရိုက်ပြီး ရောင်းစားနေတယ်ဆိုပြီး ပဲခူးမြို့ခံ ဒေါက်တာစိုးမြင့်သန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားထားပါတယ်။
အဲဒီ့တိုင်ကြားမှုကြောင့် ပဲခူးတိုင်းအစိုးရအဖွဲ့က ဦးမောင်မောင်သန်း ဆိုသူကို နေပြည်တော်မှာ ရဲသတင်းတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
တိုင်ကြားသူဖြစ်တဲ့ ပဲခူး Weekly က အတိုင်ပင်ခံ အယ်ဒီတာ ဒေါက်တာစိုးမြင့်သန်းကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။