သာယာဝတီအကျဉ်းထောင်မှာ ၈ ကြိမ်မြောက် ရုံးထုတ်
2015.06.17
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ ကျောင်းသား နဲ့ ဝန်းရံသူတွေကို တရားရုံးထုတ်နေတာ ဒီနေ့ဆိုရင် ၈ကြိမ်ရှိပြီဖြစ်ပြီး ဘာမှ စစ်ဆေးမှု မရှိဘဲ ပြီးဆုံးသွားပါတယ်။ ဒီလိုရုံးချိန်းတွေဟာ တရားလိုသက်သေတွေနဲ့ စစ်ဆေးရ မယ့်သူတွေများတာကြောင့် နှစ်နဲ့ချီကြာမြင့်နိုင်တယ်လို့ အမှုလိုက် ပါဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။