သွင်းကုန်လုပ်ငန်း ၃ မျိုးအတွက် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်ကစတင်ရောင်းချ


2015.06.18

စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေလိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေနဲ့ အစိုးရဘဏ်တွေဖြစ်တဲ့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေကတစ်ဆင့် ဒီနေ့ စတင်ရောင်းချ ပေးလိုက်ပါတယ်။

ဒေါ်လာငွေလိုအပ်မှုများပြားတဲ့ သွင်းကုန်လုပ်ငန်း အမျိုးအစားတွေကို ဗဟိုဘဏ်ကရွေးချယ်ပြီး ရောင်းချပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့် ကပြောပါတယ်။

ဒေါက်တာဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်းဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။