ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခနဲ့ မေးမြန်းချက်
2015.06.21
ရွှေတိဂုံစေတီတော်အနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီးဝမ်း စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ဆိုင်းပေးမယ်လို့ မနေ့က အင်းစိန်မြို့ အောင်ဆန်းတောရကျောင်းတိုက်မှာ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ကတိပေးခဲ့ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာပါဝင်တဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။