လှေစီးရွှေ့ပြောင်းသူ ပြန်ပို့ရေး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မေးမြန်းချက်
2015.06.22
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးရွှေ့ပြောင်းသူ ၅၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အမြန်ဆုံးပြန်ပို့နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကိစ္စ ညှိနှိုင်းဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။