သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-12
ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ စာရင်းတွေအရ ၂၀၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၆ နှစ်ကျော်ကာလ အတွင်း ပြည်နယ်အတွင်းမှာ ပေါက်ကွဲမှု အကြိမ်ရှစ်ရာကျော်ဖြစ်ပွားခဲ့ရာမှာ အရပ်သားပြည်သူ အယောက် တစ်ရာကျော်သေဆုံးပြီး သုံးရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2017-08-11
ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးအတွက် စစ်တပ် အင်အားတိုးချဲ့နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-08-10
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင် ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN တို့ရဲ့ (၆) ကြိမ်မြောက် ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲတွေအနေနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါဝင်လာဖို့ အစိုးရက လိုလားနေတဲ့အပေါ် ငြိမ်းချမ်းရေး ကော်မရှင်က အဓိက ဆွေးနွေးဖြစ် တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
2017-08-10
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့မှာ တပ်မတော်က ဒီလ ၅ ရက်ကနေစပြီး ဝင်ထွက်သွားလာခွင့် ပိတ်ထားရာကနေ ဒီကနေ့ မနက်မှာ ကားလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက် ပါတယ်။
2017-08-10
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးအနေအထားတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
2017-08-09
ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံကြီးက ဘာသာရေးကို ခုတုံးလုပ်ပြီး အမုန်းစကားပြော တာတွေကို ကန့်ကွက်ရှုတ်ချကြောင်းအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2017-08-09
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင်တွေအပါအဝင် မျိုးဆက်သစ်လူငယ်တွေနဲ့ စိတ်ပါဝင်စားသူ အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေအဖြစ် အဆိုပြုလွှာပေးအပ်ပွဲကို ကယား ပြည်နယ်၊ လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
2017-08-08
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ အခုလ ၅ ရက်နေ့က တပ်မတော်ယာဉ် တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတွေနဲ့ မန်တုံမြို့ကနေ အခြားဒေသတွေကို သွာရောက်မယ့် ခရီးသည်တွေကို တပ်မတော်ဘက်က ဒီကနေ့အထိသွားလာဖို့ ကန့်သတ်ထားတာကြောင့် အခက်ခဲတွေရှိနေတယ်လို့ မန်တုံမြို့မှာ နေထိုင်တဲ့ တအာင်းပလောင်အမျိုးသားပါတီ(ဗဟို)ဥက္ကဌ ဦးအိုက်မုန်း ကပြောပါတယ်။
2017-08-08
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြိုတိုင်းရင်းသား ၈ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း လုံခြုံမှုနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
2017-08-08
ပြီးခဲ့တဲ့အပတ်က အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ အောက်နန်းရွာအနီးက ရခိုင်ရွာ ၄ရွာက ဒေသခံ၆ ၉၄ ဦး နယ်ခြားစောင့်တပ်တွေရှိတဲ့ရွာကို ထွက်ပြေးခဲ့ကြပါတယ်။
2017-08-08
သဘာဝပတ်ကျင် ထိခိုက်မှု ရှိနိုင်တယ်လို့ ထောက်ပြဝေဖန်နေကြတဲ့ ဧရာဝတီမြစ်ကမ်းပါးက အမရပူရဖွံဖြိုးရေး မြို့ပြစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်း ထားပါတယ်။
2017-08-08
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ (၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်တာကြောင့် အမှုကို စစ်ဆေးနိုင်မှု မရှိခဲ့ပါဘူး။
2017-08-08
၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
2017-08-07
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ လားရှိုးနဲ့ သီပေါ မြို့နယ်တွေက အကျဉ်ထောင်တွေ၊ အချုပ်စခန်းတွေကို သြဂုတ်လ ၇ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ၅ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်သလို နမ္မတူမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းကိုလည်း သွားရောက် မှာဖြစ်ပါတယ်။
2017-08-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာ ၄ ရွာ က ကျေးရွာသားတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တချို့ အခြေစိုက်တဲ့ စေတီပင်ကျေးရွာမှာ ပြောင်းရွှေ့နေကြပါတယ်။