မန်တုံမြို့ အဝင်အထွက်ပြန်ဖွင့်ပေး
2017.08.10
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့မှာ တပ်မတော်က ဒီလ ၅ ရက်ကနေစပြီး ဝင်ထွက်သွားလာခွင့် ပိတ်ထားရာကနေ ဒီကနေ့မနက်မှာ ကားလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက်ပါတယ်။
အဲဒီလို ကားလမ်းကြောင်းတွေ ပြန်ဖွင့်ပေမယ့် စစ်ဆေးတာတွေရှိနေသေးတာကြောင့် လူအသွားလာမရှိသေးဘူးလို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က ပြောပါတယ်။
ဦးသိန်းဇော်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။