ကိုဆွေဝင်းကို အမှုဖွင့်ထားသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး
2017.08.08
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ (၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်တာကြောင့် အမှုကို စစ်ဆေးနိုင်မှု မရှိခဲ့ပါဘူး။ တရားလိုဖြစ်သူ ဖမ်းဆီးခံလိုက်ရပေမယ့် ကိုဆွေဝင်းကို တရားစွဲ ထားတဲ့ အမှုအနေအထားက ပြောင်းလဲမှု ရှိမှာ မဟုတ်ဘူးလို့ ကိုဆွေဝင်းရဲ့ တရားဥပဒေအကြံပေး ဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ဦးခင်မောင်မြင့်ကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။