ကယားမှာ ၈၈ မျိုးဆက်တွေ NLD ပါတီထဲဝင်
2017.08.09
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင်တွေအပါအဝင် မျိုးဆက်သစ်လူငယ်တွေနဲ့ စိတ်ပါဝင်စားသူ အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေအဖြစ် အဆိုပြုလွှာပေးအပ်ပွဲကို ကယား ပြည်နယ်၊ လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
နောက်ထပ်လည်း ပါတီဝင်မယ့်သူတွေရှိနေသေးတယ်လို့ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကိုသက်နောင်ထွန်း က ပြောပါတယ်။ ကိုသက်နောင်ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။