အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် နဲ့ မေးမြန်းချက်
2017.08.07
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ လားရှိုးနဲ့ သီပေါ မြို့နယ်တွေက အကျဉ်း ထောင်တွေ၊ အချုပ်စခန်းတွေကို သြဂုတ်လ ၇ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ၅ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်သလို နမ္မတူမြို့နယ်စစ်ဘေး ဒုက္ခသည် စခန်းကို လည်း သွားရောက်မှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ ကော်မရှင်အဖွဲ့ဝင် တွေဟာ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား သုံးယောက်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကိုRFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။