တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ တွေ့ဆုံမှုအကြောင်း မေးမြန်းချက်
2017.08.10
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးအနေအထားတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
ဦးဖေသန်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။