သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-13
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကုလားတန်မြစ်ဘေးက ဈေးဆိုင်ခန်း တစ်ရာကျော်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
2014-12-12
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က မြေသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ကသာမြို့ကိုသွားပြီး သူတ့ိုလယ်တွေပြန်ပေးဖို့ ပထမဆုံးအနေနဲ့ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2014-12-11
လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ နောက်ထပ် ဆွေးနွေးဖို့ လျာထားပေမယ့် အစိုးရဖက်က ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ရှင်းပြတာမရှိသေးတဲ့ အတွက် တိုင်းရင်းသားတွေဖက်က ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။
2014-12-11
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ နှစ် ၁ဝဝ ပြည့်မယ့် ဗိုလ်ချုပ်မွေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပြင် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၁၄ ဖွဲ့က စုပေါင်းကျင်းပကြမှာဖြစ်ပါတယ်။
2014-12-11
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်အတွင်းက မြို့နယ်အကုန်လုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေး ၊ ကယားပြည်နယ်တွေ ထဲက မဲဆန္ဒနယ် မြေတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။
2014-12-10
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မြောက်သေး တာဟာ ဘယ်လိုပုံစံနဲ့ တေ့ွဆုံကြမလဲဆိုတဲ့ အခင်းအကျင်းအပေါ်မှာ ယုံကြည်မှုနည်းနေသေး တာကြောင့် ဖြစ်တယ်လို့ ၈လေးလုံးအရေးတော်ပုံ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
2014-12-10
နိုင်ငံအန့ှံမှာ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့မှု ကြီးမား ကျယ်ပြန့်နေရာမှာ ရန်ကုန်မြို့က တချို့ မြို့နယ်တွေ မှာလည်း စိတ်ကြွဆေးတွေ ပျံ့နှံ့နေတဲ့အကြောင်း Face Book စာမျက်နှာတွေမှာ ရေးသားသတိပေးနေ တာတွေ တွေ့ရပါတယ်။
2014-12-09
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထား ရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samuei ခရိုင်တရားရုံးမှာ ထိုင်းအစိုးရက စွဲချက်တင်ထားတဲ့ ပုဒ်မ ၇ ခုနဲ့ စတင်စစ်ဆေးခဲ့ပါတယ်။
2014-12-08
လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပမယ့် နိုင်ငံ လုံးဆိုင်ရာ ဗဟိုကော်မတီအစည်းဝေးကို ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင် ၁၂ဝ ဝန်းကျင် တက်ရောက်မှာဖြစ်ပါတယ်။
2014-12-07
ပဲခူးတိုင်း အင်းတကော်မြို့နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့်မရှိဘူးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
2014-12-07
လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
2014-12-06
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သမ္မတက စဉ်းစားသုံးသပ်နေတယ်လို့ သမ္မတရုံးက အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ဒီကနေ့ ပြောပါတယ်။
2014-12-06
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ အင်္ဂလန်မှာရှိတဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်၂ ဦး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ချိန်မှာဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဒီအမှုနဲ့ပတ်သက်လို့ မိမိတို့ဘက်က မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ပြောပါတယ်။
2014-12-04
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ အငြင်းပွားစရာ ၆ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင် စတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ အခက်အခဲ အကြပ်တည်းပြဿနာကို ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင်ကျော်လွှားသင့်သလဲ ဆိုတာကို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-12-03
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် FUA ရဲ့ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ ညီလာခံ အစည်းအဝေးကို လွတ်မြောက်နယ်မြေတစ်နေရာ မှာ နိုဝင်ဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။