ရွှေလေးရွာသားတွေ စိုက်ထားတဲ့ စပါးပင်တွေကို စစ်တပ်ဖျက်ဆီးခဲ့တဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

ပဲခူးတိုင်း အင်းတကော်မြို့နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့်မရှိဘူးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီရွာကို ရောက်နေတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တာဝန်ခံ မစုစုနွေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။